ရန်ကုန်မြို့ခံတွေ ဖြေဆိုရမယ့် အမှိုက်နဲ့ သန့်ရှင်းမှု စာမေးပွဲ

ရန်ကုန်မြို့ခံတွေ ဖြေဆိုရမယ့် အမှိုက်နဲ့ သန့်ရှင်းမှု စာမေးပွဲ

အကျိုးအမြတ်မယူတဲ့ အရပ်ဘက်အဖွဲ့တစ်ခုဖြစ်တဲ့ "ဒို့အိမ်"ဟာ ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ "သန့်ရှင်းအမှိုက်အိမ်" Clean Trash House လို့ အမည်ပေးထားတဲ့ အစီအစဉ်တစ်ခုကို ရန်ကုန်မြို့မှာ စတင်လိုက်ပါတယ်။

စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကို လျော့ချဖို့ ကျောက်တံတားနဲ့ ပန်းဘဲတန်းမြို့နယ်တွေက ၃၁လမ်းကနေ ၃၅လမ်းအထိ နောက်ဖေးလမ်းကြားတွေမှာ အမှိုက်ပုံးတွေတပ်ဆင်ခဲ့ပါတယ်။

တကယ်လို့ ဒီနေရာတွေမှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရခဲ့မယ်ဆိုရင် အမှိုက်စနစ်တကျစွန့်ပစ်ရေးအစီအစဉ်ကို ဒို့အိမ်က ရန်ကုန်အတွင်း တခြားမြို့နယ်တွေကိုလည်း ချဲ့ထွင်သွားဖို့ ရှိနေပါတယ်။ အဓိက သူတို့ရဲ့ ရည်မှန်းချက်ကတော့ မြို့တော်ပိုပြီးသန့်ရှင်းသာယာလှပဖို့နဲ့ ကျန်းမာဖို့ လူထုကပါ၀င်လာရေးဖြစ်ပါတယ်။