ကိုလိုနီခေတ်အဆောက်အအုံများကို ဒို့အိမ်ဖောင်ဒေးရှင်းမှ ရှေးမူမပျက် ထိန်းသိမ်းပေးနေ
ရန်ကုန်မြို့ရှိ ရှေးဟောင်းကိုလိုနီခေတ်လက်ရာဖြစ်သော၊ နှစ်တစ်ရာကျော်သက်တမ်းရှိ နေအိမ်အဆောက်အဦဟောင်းများကို ဒို့အိမ်ဖောင်ဒေးရှင်းမှ ရှေးမူမပျက် မူလလက်ရာအတိုင်း ပြန်လည်ပြုပြင်ပေးနေကြောင်း သိရသည်။